မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ (၁၀) တွင် (၂၁.၁.၂၀၂၁) ရက်နေ့ (၁၂:၄၅) အချိန်၌ ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂)ဦးအတွက်၊ အိမ်ဆောက်ပစ္စည်းဖိုး (တစ်စိတ်တစ်ပိုင်း)(၉၀၀၀၀/-)၊ ဆန်ရိက္ခာဖိုး(၄၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၄၂၀၀/-) ကျပ် အား (၂၂.၁.၂၀၂၁)ရက်နေ့ (၁၀:၄၅) နာရီအချိန်၌ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့် နေအိမ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#sgg_jan2021
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events