မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်တွင် (၁၅-၁-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၉)ဦးအတွက် (၇) ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-) ကျပ်၊ အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃)စုံ၊ သေဆုံးသူ ပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၀၀၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၉၁၈၉၀၀/-)ကျပ်အား (၁၈-၁-၂၀၂၁)ရက်နေ့၊ (၁၆:ဝဝ)အချိန်တွင် ဘေးသင့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#tny_jan2021

Source:   ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events