လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ချန်ဖန်းကျေးရွာအုပ်စုတွင် (၁၈-၁-၂၀၂၁) ရက်နေ့၌ လေပြင်း ဘေးကြောင့် တစိတ်တပိုင်းပျက်စီး အိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၉၀,၀၀၀/-)ကျပ်၊ လူဦးရေ (၃၅)ဦးအတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၇၃,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၆၃,၅၀၀/-)ကျပ်အား (၂၀-၁-၂၀၂၁)ရက်နေ့၊ (၁၅:ဝဝ)အချိန်တွင် ဘေးသင့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

#ha_sgw

#tny_jan2021

Source:   ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events