မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့တရုတ်ရ ကျေးရွာအုပ်စု၊ မူးကဝါကျေးရွာ၌ (၁၈-၁-၂၀၂၁)ရက်နေ့ (၀၂:၄၀)အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ အလျား(၃၀)၊ အနံ(၂၀)ပေ တစ်ထပ်နေအိမ်(၁)လုံး လုံးဝပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးတို့အတွက် (၇၉၀၀ဝ/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးပါ Family Kit (၁)စုံ၊ Unicef Myanmar မှ လှူဒါန်းထားသော Hygiene Kit (E) 2020 (၁) ဖာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေကျပ် (၄၂၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၂၀၄၂၀၀/-) အား (၂၀-၁-၂၀၂၁)ရက်နေ့ (၁၁:၀၀)အချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_fir
#kcn_jan2021

Source:   ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events