လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ စန္ဒဝတ်ကျေးရွာတွင် (၁၈-၁-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီး နေအိမ် (၁)လုံးအတွက်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ်တစ်လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၃၀,၀၀၀/-) ကျပ် လူဦးရေ (၉)ဦး အတွက်(၇)ရက်စာ ဆန်ဖိုး(၁၈,၉၀၀/-) ကျပ်၊ လုံးဝပျက်စီးနေအိမ်တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ စုစုပေါင်းထောက်ပံ့ငွေ (၁၄၈,၉၀၀/-) ကျပ်အား (၁၉.၁.၂၀၂၁) ရက်နေ့ (၁၅:၀၀)အချိန်တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#tny_jan2021
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)