COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၁) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်အထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် ကတိုက်ကြီးကျေးရွာနှင့် ကတိုက်ကလေးကျေးရွာတို့တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ကြေညာခဲ့ခြင်းနှင့်  လက်ကမ်းစာစာင်များ ဝေငှခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_jan2021

Source:  သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events