
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ဆင်ခေါင်းကျေးရွာတွင် (၈-၁-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပြိုကျပျက်စီးသွားသည့်အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀)ကျပ်၊ လူဦးရေ (၁၁) ဦးအတွက်ဆန်ဖိုး (၇) ရက်စာ (၂၃,၁၀၀) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၄၂၃,၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁) ပုံးကို မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၁-၁-၂၀၂၁) ရက်နေ့ (၁၄:၂၀) အချိန်တွင် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#tny_jan2021