
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် (၉-၁-၂၀၂၁) ရက်နေ့၊ (၁၇:၃၀) အချိန်ခန့်တွင် ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ယန်းကောင်ကျေးရွာအုပ်စု၊ နမ့်ခေးကောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးဘေးသင့်အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၄၀၀,၀၀၀) ကျပ် ၊ လူဦးရေ (၁၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ တန်ဖိုးငွေ (၂၇,၃၀၀) ကျပ်နှင့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးတို့အား (၁၁-၁-၂၀၂၁) ရက်နေ့၊ (၁၄:၃၀) အချိန်ခန့်တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#shn_jan2021