လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၉-၁-၂၀၂၁)ရက်နေ့၊(၂၃:၂၀)အချိန်တွင်ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် နေအိမ်လုံးဝပျက်စီးခဲ့ကြသည့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ အိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၁၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၂၁၀၀၀)ကျပ်၊ သေဆုံး(၁)ဦးအတွက် (၃၀၀၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၂၁၀၀၀)ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုးစီတို့အား (၁၀-၁-၂၀၂၁) ရက်နေ့ (၀၈:၄၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#chn _jan2021
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)