လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်၌ ပန်းတနော်မြို့၊ ရန်ကုန်-ပုသိမ်ကား လမ်းမကြီးဘေး မြို့အဝင်ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး၌ (၉ပေ x ၆ပေ) အရွယ်အစားရှိ မြေစိုက်ဆိုင်းဘုတ်အား မီးဘေး အန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်အလက်များပါ ဗီနိုင်းပိုစတာကပ်၍ အများပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်ရန် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_fir
#ayy_dec2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)