လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၂၀)ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ကိုးပင်ကျေးရွာ ဇောတိကာရာမကျောင်းတိုက်သို့ Sanitizer 500ml လက်သန့်ဆေးရည် (၁၀)ဘူးနှင့် ကျောက်မြောင်းမြို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး တွင် အသုံးပြုနိုင်ရန် Sanitizer 500ml လက်သန့်ဆေးရည် (၃၀)ဘူး၊ စုစုပေါင်း Sanitizer 500ml လက်သန့် ဆေးရည် (၄၀) ဘူး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)