ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု) မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၂၃-၁၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ် ခြေ (၁၁)လုံး၊ အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၄၇)ဦးတို့ ကမ်းပြိုဘေးသင့်ခဲ့၍ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၈,၇၀၀ိ/-) ကျပ်၊ စုစုပေါင်း (၁,၁၉၈,၇၀၀ိ/-) ကျပ်တို့အား (၂၈-၁၂-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#mgy _dec2020

Sign Up

Upcoming Events