
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၂၀) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ မဲဇလီကျေးရွာအုပ်စု၊ မဲဇလီကျေးရွာတွင်(၂၄-၁၂-၂၀၂၀) နေ့ဖြစ်ပွါးသော ကမ်းပြိုဘေးကြောင့် ပျက်စီးခဲ့သော အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀၀)ကျပ်၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၈,၉၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၈,၉၀၀) ကျပ်အား (၂၈-၁၂-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_dec2020