
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၂၀) ရက်နေ့တွင် ရေဦးမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံ သို့ Hand Sanitizer 500ml (၅၀)ဗူး၊ တန့်ဆည်မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံသို့ Hand Sanitizer 500ml (၅၀)ဗူး၊ ဒီပဲယင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံသို့ Hand Sanitizer 500ml (၅၀)ဗူး၊ ရေဦးမြို့၊ အ.ထ.က(၁)ကွာရန်တင်းစင်တာသို့ Hand Sanitizer 500ml (၂၅)ဗူး၊ ရေဦးမြို့၊ မြို့ဝင်/ထွက်ဂိတ်များအတွက် Hand Sanitizer 500ml (၁၅)ဗူး တို့အား COVID-19 ကူးစက်ရောဂါပြန့်နှံ့မှုမှ ကာကွယ်နိုင်ရန်အတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းးရရှိ ပါသည်၊၊
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg _dec2020