
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ကျွန်းလှမြို့နယ်၊ ကျွန်းလှမြို့သီတဂူဗုဒ္ဓတက္ကသိုလ်မှ စာသင်/စာချ သံဃာတော် (၁၀၄)ပါးအတွက် တိုက်အုပ်ဆရာတော်ထံသို့ Hand Sanitizer 500ml (၅၅)ဗူး၊ (၁၂:၀၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌထံသို့ Hand Sanitizer 500ml (၁၀၀)ဗူး၊ (၁၄:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌထံသို့ Hand Sanitizer 500ml (၅၀)ဗူးနှင့် (၁၄:၂၀)နာရီအချိန်တွင် ကန့်ဘလူမြို့ကုတင် (၁၀၀) ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးထံသို့ Hand Sanitizer 500ml (၅၀) ဗူး စုစုပေါင်း(၂၅၅)ဗူးအား COVID-19 ကူးစက်ရောဂါပြန့်နှံ့မှုမှ ကာကွယ်နိုင်ရန်အတွက် ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်၊၊
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#sgg_dec2020