
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၂၀) ရက်နေ့(၁၉:၄၅)နာရီ အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စု၊ ပုသိမ်ကွင်းရပ် စာသင်ကျောင်းလမ်း၌ ရေနွေးအိုးတည်ထားသည့် ထင်းမီးဖို၏ မီးကြွင်းမီးကျန်မှတဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးနှင့် တစိတ်တစ်ပိုင်းပျက်စီးခဲ့သည့်လူနေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၇၀,၀၀ဝ) ကျပ်နှင့် လူဦးရေ စုစုပေါင်း(၁၄)ဦးတို့အတွက် (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉,၄၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၉၉,၄၀ဝ) ကျပ်နှင့် လုံးဝပျက်စီးလူနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတန်ဖိုးငွေ (၁၂၇,၁၁၂) ကျပ်အားလည်းကောင်း (၂၈-၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် မုတ္တမကျေးရွာ အ.မ.က စာသင်ကျောင်း၌ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်အမြစ်ဝန်ကြီး၊ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mon_dec2020