လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊အမှတ်(၂)ရပ် ကွက်ရှိ မဟာရွှေစည်ကြီးပရိယတ္တိစာသင်တိုက်မှ စာသင်သံဃာတော်(၅၉)ပါးအတွက် တိုက်အုပ်ဆရာတော် ဦးအာစာရထံသို့ COVID-19ကူးစက်ရောဂါပြန့်နှံ့မှုမှ ကာကွယ်နိုင်ရန် Hand Sanitizer 500ml (၃၀)ဗူးနှင့် Mask(၁၅၀)ခုကိုလည်းကောင်း၊ ကန့်ဘလူမြို့ဘိုးဘွားရိပ်သာမှ ဘိုးဘွား(၁၁)ဦးအတွက်Hand Sanitizer 500ml(၁၅)ဗူးကို ဘိုးဘွားရိပ်သာအုပ်ချုပ်မှုတာဝန်ခံထံသို့လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_dec2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)