မြေစာပြိုကျမှုကြောင့်ဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ သည် (၁၅-၁၂-၂၀၂၀) ရက်နေ့၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ မြန်မာသူရကုမ္ပဏီ လုပ်ကွက်ဟောင်း၌ ဖြစ်ပွားခဲ့သော အမြင့်ပေ(၁၀၀)ကျော်ခန့်၊ အကျယ်(၂၀)ပေခန့်ရှိ မြေစာ ပြိုကျလာပြီး ကျင်းအောက်ခြေတွင် ရေမဆေးကျောက် ရှာဖွေတူးဖော်နေသူ(၅)ဦးတို့သည် မြေစာပြိုကျမှုကြောင့် ဒဏ်ရာရသူ(၂) ဦးနှင့် သေဆုံးသူ(၃) ဦးတို့အတွက် ဒဏ်ရာရသူ(၁) ဦးလျှင် (၅၀၀၀၀ိ)ကျပ်နှုန်းဖြင့် ဒဏ်ရာရသူ(၂) ဦးအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀၀ိ/-) ကျပ်နှင့် သေဆုံးသူ(၁) ဦးလျှင် (၃၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် သေဆုံးသူ(၃) ဦးအတွက် ထောက်ပံ့ငွေ(၉၀၀,၀၀၀ိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၁,၀၀၀,၀၀၀ိ)ကျပ်တို့အား (၂၁-၁၂- ၂၀၂၀) ရက်နေ့၊ (၁၁း၅၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_lsd
#kcn_dec2020

Sign Up

Upcoming Events