
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၁၂-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၂:၀၀)နာရီအချိန်အထိ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကျွန်းလှမြို့ပေါ်ရှိ (သစ်ရာမြိုင်၊ အင်ကြင်းမြိုင်၊ ပိတောက်မြိုင်၊ ပျဉ်းမမြိုင်) ရပ်ကွက်များမှ မိဘပြည်သူများအား COVID-19ရောဂါနှင်ပတ်သက်၍ ရောဂါကူးစက်ပြန့်နှံ့မှု ဆက်လက် မဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်များကို သိရှိလိုက်နာဆောင်ရွက်ပြီး ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်၊၊
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_dec2020