
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၁ – ၁၂ -၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီ အချိန်မှ (၁၈:၀၀) နာရီအချိန်ထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ တောင်ကြီး-လွိုင်လင် (အထွက်)ဂိတ်၌ ယာဥ်လိုင်းများတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား COVID-19 ရောဂါကူးစက်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်း ကောက်ယူခြင်း၊ Hand-Gelများဖြင့် လက်သန့်စင်စေခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းတို့ကို ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_dec2020