
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ နမ့်မန်းကျေးရွာအုပ်စု၊ နမ့်မန်းကျေးရွာ၊ ဟွေပါလန်ကျေးရွာ၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဝမ်ကန်ကျေးရွာ၊ မယ်စဲ့မြို့၊ မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက် ပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#kyh_nov2020