အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူလဲလှယ်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၂၀) ရက်နေ့ နေ့လယ်(၁၂:၄၅)အချိန်တွင် ကျောက်ဖြူမြို့၊ ရန်ကုန်- ကျောက်ဖြူကားလမ်းနှင့် ရုံးတက်လမ်းထောင့် အဝိုင်းလမ်းဆုံတွင် ဆူနာမီအသိပညာပေး မြေစိုက်ဆိုင်းဘုတ်အား စိုက်ထူခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံကြီးအနီး ခရစ်ယာဥ်ကျောင်းရှေ့လမ်းဆုံတွင် မီးဘေးအသိပညာပေးပိုစတာနှင့် ဦးဥတ္တမလမ်းနှင့် စျေးလမ်းဆုံတွင် မုန်းတိုင်းအသိပညာပေးပိုစတာများ လဲလှယ်တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#rke_dec2020

Source:             ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events