
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ ရေစက်လမ်းထောင့်၌ အများပြည်သူများ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတ များ ရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိနိုင်စေရန်အတွက် ယခင်စိုက်ထူထားသော မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာအစား မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား ပြောင်းလဲစိုက်ထူပြီးစီးပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_dec2020