ရေသန့်ဆေးများ ထောက်ပံ့လှူဒါန်းခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့၊ မြို့နယ်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ ရေသန့်ဆေး(၂၄၀)ထုပ်ပါ (၇)ပုံး၊ (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံ(Quarantine Center)သို့ (၂)ပုံးနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ Quarantine Center သို့(၁)ပုံး၊ စုစုပေါင်းရေသန့်ဆေး (၂၄၀)ထုပ်ပါ(၁၀)ပုံးအား (၁၇-၁၂-၂၀၂၀)ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_dec2020

Source:             မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events