အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် မုဒုံမြို့နယ်အတွင်း ပြည်သူများ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိနိုင်စေရန်အတွက် မုဒုံမြို့၊ ကန်ကြီးဘုရားရှေ့၊ သာသနာ့ဗိမာန်အနီးတွင် စိုက်ထူထားသော မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာအစား မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား ပြောင်းလဲတပ်ဆင် စိုက်ထူပြီးဖြစ်ပါကြောင်းနှင့် မုဒုံမြို့၊ ရွှေဟင်္သာဈေးရှေ့တွင် မီးဘေးဗီနိုင်းပိုစတာ (၉x၆)ပေ ဆိုင်းဘုတ်(၁)ခုအား ထပ်မံစိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#mon_dec2020

Source:             မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events