ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၂၀) ရက်နေ့ တွင် ဝက်လဟာအုပ်စု၊ ကညင်တပင်‌ကျေးရွာတွင် (၁၅-၁၂-၂၀၂၀) ရက်နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ (၃) လုံး၊ အိမ်‌ထောင် စု (၃) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ( ၃၀၀,ဝဝဝိ/-) ကျပ် ၊ လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေကျပ်(၂၉,၄၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ (၃၂၉,၄၀၀/-) ကျပ် တို့ကို (၁၆-၁၂-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများ လက် ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_dec2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events