မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၂၀) ရက်နေ့၊ (၁၇:၀၀)နာရီအချိန်တွင် ဟားခါးမြို့နယ်၊ လောက်လုံကျေးရွာအုပ်စု၊ လောက်လုံ ကျေးရွာ၌ သွပ်မိုး၊ ပျဉ်ခင်း၊ သွပ်ကာ အိမ်ခြေ (၁)လုံးအတွက် မီးလောင်ပျက်စီး ခဲ့မှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁)စုမှ ကျား(၃)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးတို့အား (၁၅-၁၂-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#chn_nov2020

Sign Up

Upcoming Events