လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့တွင် မကွေးမြို့၊ အောင်မေတ္တာ (က၊ခ၊ဂ၊ဃ) ရပ်ကွက်၊ မင်းကန်ကြီးရပ်ကွက်၊ ကန်သာရပ်ကွက်နှင့် မြင်းကင်းကျေးရွာတို့တွင် လူအများမြင်သာနိုင်သည့် နေရာများ၌ COVID-19 ကူးစက် ရောဂါအသိပညာပေး ဗီနိုင်းပိုစတာများ ချိတ်ဆွဲဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_dec2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘေးစီမံ)