လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကျင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာတွင် (၁၃-၁၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ် လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၁) အိမ်ထောင်စာတို့အား (၁၅-၁၂-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ha_fir
#bgo_dec2020
Source: ရွှေကျင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)