Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၂၀) ရက်နေ့၌ ပြည်ခရိုင်၊ သဲကုန်းမြို့၊ မြို့မဈေးတွင် (Covid-19) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လော်စပီကာဖြင့်အသိပညာပေးဆော်သြပြီး ဈေးသည်၊ ဈေးဝယ်များနှင့် လမ်းသွားလမ်းလာများအား Surgical mask များဖြန့်ဝေခြင်းကို သဲကုန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#bgo_dec2020

Sign Up

Upcoming Events