
ဒီဇင်ဘာ၁၁၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံသံအမတ်ကြီး H.E Mr.Dan Chugg အား Online Meeting ဖြင့်ယနေ့နံနက်ပိုင်းတွင်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရာသီဥတုပြောင်းလဲမှုအကျိုးဆက်ကြောင့်ပိုမိုဖြစ်ပွားလာနိုင်မည့် သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကာကွယ်ရေး၊ ပြည်သူလူထုအတွင်း ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှု မြင့်မား လာစေရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တုံ့ပြန်တားဆီးရေးနှင့် ပတ်သက်၍ ထိခိုက်လွယ်အုပ်စုများ၊ နေရပ်စွန့်ခွာရသူများနှင့် တိုက်ပွဲရှောင် ပြည်သူများအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် အပါအဝင် ပဋိပက္ခ ဖြစ်ပွားရာဒေသများရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုသဟဇာတမျှတရေးဆောင်ရွက်နေမှုအခြေအနေများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဓိကအရေးပါသော လူသားချင်းစာနာမှု ဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေများ ပြည်တွင်းနေရပ်စွန့်ခွာစခန်းများတွင် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များ၊ ကိုဗစ်-၁၉ကာလအတွင်း နေရပ်စွန့်ခွာရသူများတိုက်ပွဲ ရှောင်ပြည်သူများအပါအဝင် သက်ကြီးရွယ်အို၊ မသန်စွမ်းသူများနှင့် ကိုယ်ဝန်ဆောင်များအစရှိသည့် ထိခိုက်လွယ်အုပ်စုများအား ငွေကြေးထောက်ပံ့မှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် UK နိုင်ငံအစိုးရမှ ရန်ပုံငွေထည့်ဝင် ထားသော LIFT Fund နှင့်ပူးပေါင်း ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိပါသည်။
#hl1
#npw_dec2020
Source: MSWRR