
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၂၀) ရက်နေ့ (၀၈:၄၅) အချိန်၌ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ရာဘာခြံ (၄) လမ်း တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၁) ထပ်နေအိမ် (၃) လုံးနှင့် သွပ်မိုး၊ အုတ်ညှပ်နေအိမ် (၂) လုံးတို့ လုံးဝပျက်စီးခဲ့ပြီး ကျန်နေအိမ် (၅) လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပါသည်။ အဆိုပါမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၅) လုံးအတွက် ထောက်ပံ့ငွေ (၃၇,၆၈၁/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ အိမ်ထောင်စု (၅) စုစာ၊ လုံးဝ ပျက်စီးနေအိမ် (၅) လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၅) လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၂၈၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၁၁,၃၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၃၉၁,၃၀၀/-) ကျပ်အား (၈-၁၂-၂၀၂၀) ရက်နေ့ (၁၆:၃၀) နာရီအချိန်တွင် ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ha_fir
#krn_dec2020
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)