COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀) အချိန်မှ (၁၆:၀၀)အချိန်အထိ ကလေးမြို့၊ ချမ်းမြေအောင်စည် ရပ်ကွက်၊ စံပြရပ်ကွက်၊ ဒိုးဝိုင်းချောင်း၊ ဆည်တော်ဦး၊ ပျဥ်းခုံကြီး၊ ပျဥ်ခုံလေး၊ ကျောင်းတိုက်၊ အိတ်စွပ်ကျေးရွာ၊ တောင်ဖီလာစက်မှုဇုန်များရှိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးခြင်းနှင့်သဘာဝဘေးအန္တရာယ် အသိပညာပေးလက်ကမ်း စာစောင်များအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_nov2020

Sign Up

Upcoming Events