မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေဆုံးရှုံးမှုများကို အထောက်အကူပြုစေရန် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)နှင့် Korea Disabled People’s Development Institute တို့၏ သဘောတူပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်

ဒီဇင်ဘာ (၈)၊ နေပြည်တော်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သော ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)နှင့် Korea Disabled People’s Development Institute (KODI) တို့၏ သဘောတူပူးပေါင်း ဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ)နှင့် Korea Disabled People’s Development Institute တို့၏ သဘောတူ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ပွဲသည် ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ ဆုံးရှုံးမှုများကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေဆုံးရှုံးမှုများကို သန်စွမ်းသူများထက် ပိုမိုခံစားရကာ ဘဝရပ်တည်မှု အတွက် အခက်အခဲများ ရင်ဆိုင်နေရသည်ကို သိရှိနားလည်သည့်အတွက် ထောက်ပံ့ရေးလုပ်ငန်းများကို ယခု ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကျရောက်ချိန်တွင် ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်း၍ ထောက်ပံ့မှုများဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ယခုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မှုများသည် မသန်စွမ်းသူများလည်း တန်ဖိုးရှိသောလူသားအရင်း အမြစ်များဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေပါကြောင်း ပြောကြားခဲ့ပါသည်။

Korea Disabled People’s Development Institute (KODI) နှင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) တို့သည် မသန်စွမ်းသူများအတွက် Professional Bakery and Barista ပညာရပ်များကို သင်ကြား ပေးခဲ့သည့် စီမံကိန်းကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ပြီး ယခုအခါ “Opening Cafe” Project ကို နားလည်မှုစာချွန်လွှာ ဆက်လက်ရေးထိုး ခြင်းဖြစ်ပါသည်။

အဆိုပါအခမ်းအနားတွင် အစိုးရ၏အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်ကလည်း ဝမ်းမြောက်ဂုဏ်ယူစကား ပြောကြားခဲ့ ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ Korea Disabled People’s Development Institute မှ တာဝန်ရှိ သူများ၊ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ တာဝန်ရှိသူများနှင့်  မသန်စွမ်းအဖွဲ့ အစည်းအသီးသီးမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl2_otr

#npw_dec2020

Source:  MOSWRR

Sign Up

Upcoming Events