လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မေတ္တာ(၃)လမ်းတွင်(၇.၁၂.၂၀၂၀)ရက်နေ့ (၂၂း၀၀)နာရီချိန်၌ မီးအားမြှင့်စက်အပူလွန်ကဲရာမှတဆင့် မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်(၁)လုံး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးတို့ မီးဘေးဒဏ်သင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)စာဖိုးထောက်ပံ့ငွေကျပ်(၆၃၀ဝိ/-)၊ ဒဏ်ရာရရှိသူ (၂)ဦးအတွက် (၁၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၃၀၆၃၀ဝိ/-)အား မြဝတီမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြဝတီမြို့ကြက်ခြေနီအသင်းတို့နှင့်အတူ (၈-၁၂-၂၀၂၀)ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#krn_dec2020
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)