
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀) အချိန်မှ (၁၆:၀၀)အချိန်အထိ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်သစ္စာရပ်ကွက်၊ အောင်မြေမာန်ရပ်ကွက်၊ ပင်လုံရပ်ကွက်များရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရ မည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးခြင်းနှင့် သဘာဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_nov2020