
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်မှ (၁၅:၃၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်း၊ ရေပြာ၊ သပြေတန်း၊ ရန်အောင်၊ ရေအိုးစင်၊ ဥသျှစ်ကုန်း၊ ဘဲကုန်း(တောင်/မြောက်) အတွင်းရှိပြည်သူများအား အသိပညာပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ar
#npw_nov2020