ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေးရွာအုပ်စု၊ သောင်ရွာ ကျေးရွာတွင် (၄-၁၂-၂၀၂၀) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၁၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၂၁၀ဝ/-)ကျပ်အား (၇-၁၂-၂၀၂၀) ရက်နေ့ (၁၂:၀၀)နာရီအချိန် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_dec2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events