ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန် မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ရေပေါက်ကြီးကျေးရွာတွင် (၁-၁၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့ သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် အိမ်ခြေ (၄) လုံး၊ လူဦးရေ (၁၆) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၄၀၀,၀၀ဝ/-) ကျပ်ကိုလည်းကောင်း၊ ဆန်ရိက္ခာ(၇) ရက်စာရန်ပုံငွေ (၃၃,၆၀ဝ/-) ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၃၃၆၀ဝိ/-) ကျပ်တို့ကို (၄-၁၂-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_dec2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events