လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်မှ (၁၅:၀၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် များကို ပျဉ်းမနားမြို့နယ်၊ သစ်စိမ့်ပင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ပုရွတ်ဆိတ်ကုန်းကျေးရွာ၊ ညောင်ပင်လှ ကျေးရွာ၊ သစ်လေးလုံးကျေးရွာ၊ ကျွန်းကုန်းကျေးရွာနှင့် တောင်သာကျေးရွာအတွင်းရှိ ပြည်သူများအား အသိပညာပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)