လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂-၁၂-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီချိန်မှ (၁၅:၃၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ကျောက်တလုံးကျေးရွာ၊ ဝင်းဒရယ်ကျေးရွာ၊ နော့နော်ဝါးကျေးရွာ၊ အီဟယ်လေးကျေးရွာ၊ အီဟယ်ကြီးကျေးရွာ၊ ဘုရင်ညီ ကျေးရွာ၊ ဘင်ဂျီကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရမည့်အချက်များအား လော်စပီကာဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး Mask များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_dec2020
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)