မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ်(၁၄)ရပ်ကွက်၌ (၁-၁၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင် စု(၂)စုမှ လူဦးရေ (၆)ဦး အတွက် (၃၅၃၅၃/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးပါ (၁)ပုံး၊ (၃၂၃၅၃/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံးနှင့် Care Myanmar ပိုက်ဖျာ (၂)ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၂,၆၀ဝ/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၄၁၂,၆၀ဝ/-)ကျပ်အား (၂-၁၂-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#ayy_dec2020

Source: ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events