လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မိုးမိတ်မြို့မြို့မဈေးနှင့် သားငါးနှင့် ကုန်စိမ်းယာယီဈေးတို့တွင် Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ဟောပြောခြင်း၊နှာခေါင်းစည်း (Mask)များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_dec2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)