မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၂၀) ရက်နေ့ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ မုတ်ဆိတ်ကွင်းကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု (၁) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၅) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁) ပုံးကို မြို့နယ်ကြက်ခြေနီ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အတူ (၂-၁၂-၂၀၂၀) ရက်နေ့ (၁၂:၀၀) အချိန်တွင် ထောက်ပံ့ပေးပြီး ဖြစ်ပါကြောင်း သတင်းရရှိ ပါသည်။

#ha_fir
#tny_dec2020
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events