မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊  မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင် (၂၇-၁၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၁)လုံး၊ လူဦးရေ (၃)ဦးနှင့် သပြေကုန်းအုပ်စု၊ ခုနစ်အိမ်တန်းကျေးရွာတွင် (၃၀-၁၁-၂၀၂၀) ရက်နေ့ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် လောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၅)လုံး၊ လူဦးရေ(၁၃)ဦး၊ စုစုပေါင်းမီးဘေးသင့်အိမ်ခြေ(၆)လုံး၊ လူဦးရေ(၁၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးစီကို၊ အိမ်ထောင်စု(၆)စုစာအတွက် လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၁,၁၀၀,၀၀ဝိ/-)ကိုလည်းကောင်း၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေကျပ်(၃၃,၆၀ဝိ/-)ကိုလည်း ကောင်း၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁,၁၃၃,၆၀ဝိ/-)တို့ကို (၂-၁၂- ၂၀၂၀)ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင်  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#‌ayy_nov2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events