လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁.၁၂.၂၀၂၀)ရက်နေ့ နံနက် (၀၄:၃ဝ) ချိန်၌ ဖြစ်ပွားခဲ့သော သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် မီးဘေးသင့် လုံးဝပျက်စီးနေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၅)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ဝ/-)ကျပနှင့် လူဦးရေ (၂၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၄၄၁၀၀/-)ကျပ်၊ စုစုပေါင်း (၅၄၄၁၀ဝ/-)ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြတ်ပါရမီပရဟိတ အသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်နှင့်အတူ (၂.၁၁.၂၀၂၀ရက်) (၁၁:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး လက်ကမ်းစာစောင်များလဲဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#tny_dec2020
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)