မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်၊ က‌လော့ကျေးရွာအုပ်စု၊ က‌လော့ကျေးရွာတွင် (၂၉-၁၁-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) အချိန်၌ မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးခဲ့‌သော လူနေအိမ်(၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၇) ဦး အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ ( ၁၄,၇၀ဝိ/-) ကျပ်၊ စုစု‌ပေါင်းထောက်ပံ့ငွေ (၁၆၄,၇၀ဝိ/) ကျပ်တို့အား မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုတို့အား ရေးမြို့နယ်ဦးစီးမှူးရုံးမှ လည်းကောင်း (၁-၁၂-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင်‌ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#mon_dec2020

Source:             ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events