
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ အမာ မြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင်ကြီးတန်းကျေးရွာတွင် (၂၆-၁၁-၂၀၂၀) ရက်နေ့ (၂၃:၀၀) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင် စု(၁) စုမှ လူဦးရေ (၃) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၁၀၀,၀၀ဝိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ( ၆,၃၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုးအိမ်ထောင်စု (၁) စုစာ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀ဝိ/-) ကျပ်အား အမာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အတူ တာဝန်ရှိသူများက ဘေးသင့်ပြည်သူများထံသို့ (၂၉-၁၁-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်၌ သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_nov2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)