မီးဘေးသင့် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မိုင်းကိုင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရဌပါလလူမှုကူညီရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ (၂၆-၁၁-၂၀၂၀)ရက်နေ့တွင် လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ စုံလောကျေးရွာအုပ်စု၊ စုလောကျေးရွာရှိ ဘုန်းကြီးကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဘာသာရေး အဆောက်အဦ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၃၀၀၀၀၀/-)၊ သံဃာ(၁၄)ပါးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာကျပ်(၂၉၄၀၀/-)၊ သံဃာများအတွက် သင်္ကန်း(၁၄)စုံ၊ (ပစ္စည်းတန်ဖိုး= ၁၃၂၀၀၀/-)နှင့် ထောက်ပံ့ငွေသားစုစုပေါင်း ကျပ်(၃၂၉၄၀၀-/)အားလည်းကောင်း၊ မြို့နယ်ဌာနဆိုင်ရာမှအလှူငွေကျပ်(၇၅၀၀၀၀/-)၊ ဆန်(၅)အိတ်၊ ခေါက်ဆွဲခြောက်(၁၀)ဖာအားလည်းကောင်း၊ ရဌပါလလူမှုရေးအသင်းမှ ဆန်(၃)အိတ်အားလည်းကောင်း၊ (၂၆-၁၁-၂၀၂၀)ရက်နေ့၊ မွန်းလွဲပိုင်း (၁၃း၃၀)အချိန်၌ စုံလောဘုန်းကြီးကျောင်းသို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#shn_nov2020

Source:             လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events