(၂၅.၁၁.၂၀၂၀)နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ အမှတ် ၁၊ ၂၊ ၃၊ ၄၊ရပ်ကွက်နှင့် ကတ္တလူ၊ ထိန်းချောင်းကျေးရွာတို့တွင်COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း)အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါမဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းအားဆောင်ရွက်ပြီး၊ လက်ကမ်းစာစောင်များနှင့်Maskများအားဝေငှခြင်း၊ ဗီနိုင်းပိုစတာများကပ်ခြင်းများ ဆောင်ရွက်ခဲကြောင်း သတင်းရရှိပါသည်။
#ar
#tny_nov2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)